Jun 22, 2008

Statement of Senator Barack Obama on the 63rd Birthday of Daw Aung San Suu Kyi

Statement of Senator Barack Obama on the 63rd Birthday of Daw Aung San Suu Kyi

http://obama. senate.gov/ press/080619- statement_ of_se_39/

Thursday, June 19, 2008

FOR IMMEDIATE RELEASE
CONTACT: Michael Ortiz, 202 228 5566

WASHINGTON, D.C. - U.S. Senator Barack Obama today released the following statement on the 63rd birthday of Daw Aung San Suu Kyi of Burma:

"The 63rd birthday today of Daw Aung San Suu Kyi of Burma offers an opportunity to remind the world community of the continuing tragedy in her country and the responsibility we have to press for change there.

"This year marks the 20th anniversary of Burma's 1988 democracy movement and of Daw Suu's emergence as its inspirational leader. She has sacrificed family and ultimately her freedom to remain true to her people and the cause of liberty. And she has done so using the tools of nonviolent resistance in the great tradition of Mahatma Gandhi, Nelson Mandela, and Martin Luther King, earning the 1991 Nobel Peace Prize.

"Since her last birthday, the world has watched in horror as Burma's ruling junta first crushed the "Saffron Revolution," gunning down and rounding up Buddhist monks and other Burmese citizens peacefully demonstrating for political reform and social justice, and then, last month, resisted and impeded international provision of critical assistance to millions of Burma's people in the aftermath of cyclone Nargis. Tens of thousands died from the immediate impact of the cyclone itself, and at least 2.4 million people, 40 percent of them children, remain homeless and in desperate need of assistance.

"For decades, the junta has overseen the continued deterioration of living standards, basic human rights, and general well-being of the Burmese people. Two million refugees, thousands of political prisoners in Burma's jails, and the retreat of the junta's leaders themselves to an Orwellian capital cut off from its people are further testament to the alienation and devastation that Burma's current leaders have brought upon their nation.

"This situation offends the conscience of the American people, as it does for millions of others around the world. If the junta continues its failure to protect the dignity, health and well-being of the Burmese people, the international community must be prepared to work harder toward effective coordinated action, including but not limited to action through the United Nations Security Council.

"Aung San Suu Kyi will spend her birthday the way she has spent 13 of the past 19 birthdays, under house arrest. Nonetheless, she continues to serve as a consistent manifestation of hope even as hope has been on the retreat in Burma. As we honor Daw Suu today, we must do so the way she would want it done: by honoring the people of Burma, and keeping faith with them in their struggle for freedom, justice, and democracy."

------------ --------- --------- --------- --------- --------- --------- --------- --------- --------- --------- --------- --------- --------- -


__._,_.___ The mission of Zomi International Network is to inform,inspire and involve Zomi around the world in building a healthy and prosperous nation.

For more information about ZoNet, please visit us online.
http://zomi.org

Letter to DASSK (In Burmese)

Read this document on Scribd: open letter

Jun 5, 2008

UNA Statment on Referendum (June 2, 2008)

Jun 3, 2008

ကယ်ဆယ်ရေးလုပ်သားကြီး လူရွှင်တော် ဇာဂနာ (ဧရာဝတီ | မေ ၃၁၊ ၂၀၀၈)


မေး။ ။ ဖြစ်တဲ့နေ့ကစပြီးတော့ အခုလက်ရှိကာလအထိ အခြေအနေ ဘယ်လိုရှိလဲဆိုတာ အရင်ပြောပြပါ။

ဖြေ။ ။ ကျနော်တို့က မေလ ၇ ရက်နေ့ကနေစပြီးလုပ်တာ ဒီနေ့မနက်အထိ လုပ်နေကြတယ်။ ရောက်တာလည်း မြို့အကုန်ကုန်ပြီ၊ ငပုတောတမြို့ဘဲမရောက်သေးတာ ဒါလည်း ကျနော်သာမရောက်တာ ကျနော်တို့အဖွဲ့က ရောက်ပြီးသွားပြီ။ အဲဒီအပြင် ကျနော်တို့အဖွဲ့က ဘယ်လိုနေရာတွေရောက်လဲဆိုတော့ ဘာအကူအညီမှ မရသေးတဲ့ ရွာပေါင်း ၄၂ ရွာ ရောက်ပြီးပြီ၊ ဒေးဒရဲအပိုင်ထဲမှာရှိတယ်၊ စပါးဒိုင်တွေကို စုထားတဲ့ရွာ ကျေးရွာအစုကြီး ၃ စု။

ဘိုကလေးအပိုင်ထဲမှာလည်း ကျေးရွာအစုကြီး ၃ စု အဲဒါမျိုးတွေကို ကျနော်တို့အရောက်သွားတယ်။ အဲဒီရွာတွေ ၄၂ ရွာရှိတယ်၊ ဘာအကူအညီမှမရကြသေးဘူး။ နိုင်ငံတော်အဆင့်ကပေးတဲ့ အကူအညီတင် မဟုတ်ဘူး ယူအန်ဆီကလည်းမရဘူး၊ ဘယ်အန်ဂျီအိုမှလည်း မရောက်ကြသေးဘူး။

မေး။ ။ အဲဒီနေရာတွေမှာ ဘာတွေတွေ့ခဲ့သလဲ၊ လူတွေဘယ်လောက်သေသလဲ၊ ဘာအကူအညီတွေ လိုအပ်နေသလဲ၊ ရွာတွေ ဘယ်လောက်ပျက်သွားတယ်ဆိုတာကို ပြောပြနိုင်မလား ခင်ဗျ။

ဖြေ။ ။ ကျနော် ဥပမာတခုပြောပြမယ်။ မငေးကြီးဒိုင်နယ်ဆိုရင် အိမ်ခြေတထောင်ရှိတယ် အဲဒီတထောင်မှာ ၇၀၀ က ဘာမှမကျန်အောင်ကို လုံးဝပျက်စီးသွားတယ်။ အိမ်ခြေ ၃၀၀ က တိုင်လောက်၊ အခင်းလောက် ကျန်တယ်။ လူ ၂၂၁ ယောက်သေတယ်၊ ၃၀၀ က ပျောက်နေတုန်းပဲ အခုအထိရှာမတွေ့သေးဘူး၊ ဘယ်ရောက်နေမှန်းလည်း မသိဘူး။

ကျနော်တို့ရောက်တဲ့ ၂၂ ရက်နေ့အထိ အလောင်းတွေက ချောင်းထဲမှာဒီအတိုင်းရှိနေတုန်းပဲ။ အစိုးရကပေးတဲ့ ဆန် နို့ဆီဘူး ၇ လုံးနဲ့ စေတနာရှင်တယောက်ကလာလှူတဲ့ ခေါက်ဆွဲခြောက်တထုပ်ဆီ ရတယ်၊ အဲဒါကလွဲရင် ဘာမှမရကြသေးဘူး။ အဲဒါ မုန်တိုင်းအလွန် ရက် ၂၀ အကြာ

ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ကျနော်တို့ ဘိုကလေးကနေပြီးတော့ တင်မောင်းချောင်း၊ ကြိမ်စု၊ ထိပ်ချောင်းကြီးကျေးရွာ၊ ကန်စု၊ ရွှေဘိုစု အဲဒီနေရာတွေကိုရောက်တယ်။ အဲဒီနေရာမှာရှိတဲ့ လူတွေအားလုံးက ဘာအကူအညီမှ မရသေးဘူး၊ ဘယ်သူကမှလာမပေးဘူး အင်္ကျီမရှိဘူး၊ ကလေးတွေက ကိုယ်တုံးလုံးနီးပါးဖြစ်နေတယ်။

အရေအတွက်က မိသားစု ၅၄၂ အိမ်ထောင်ရှိတယ် အဲဒီအိမ်ထောင်စုတွေအားလုံး အိမ်မရှိတော့ဘူး။ အဲဒီမှာ အကျွတ်အလွတ်ဆိုတဲ့ ဘုရာလေးတဆူရှိတယ်၊ အဲဒီဘုရားကလည်း ပျက်စီးနေပါပြီ၊ ထီးတွေဘာတွေ ကျိုးကျနေပြီ သူတို့ခမျာ အဲဒီဘုရားရင်ပြင်ပေါ်မှာ စုပြုံပြီးတော့အိပ်နေကြတယ်။ ယူအန်မလာဘူး၊ အန်ဂျီအို မရောက်သေးဘူး ဘာအကူအညီမှ မရဘူး။ ကျနော်တို့ ပုဂ္ဂလိကအဖွဲ့ကလေးတွေပဲ အဲဒီကို ရောက်တယ်။ ကျနော်တို့ရောက်တဲ့ အချိန်ကတော့ သူတို့ဘာမှမရသေးလို့ တော်တော်များများ ပေးနိုင်ခဲ့တယ်။ အဆိုးဆုံးက အဲဒီမှာ ရေမရှိဘူး၊ သောက်ရေလုံးဝမရှိဘူး။ အဲဒီလိုမရှိတဲ့အတွက် မိုးရွာမှ ရေခံပြီးသောက်နေရတယ်။ ရေသန့်တွေကို သင်္ဘောနဲ့တင်ပြီး သွားပို့ရတယ်။ ရေသန့်ဘူးပေါင်းတသောင်း။

မေး။ ။ အစိုးရ ရနေတဲ့ လက်ခံထားတဲ့ နိုင်ငံတကာကအကူအညီတွေ အဲဒီဘက်ကို မရောက်ဖူးဘူးလား ခင်ဗျ။

ဖြေ။ ။ အဲဒါတွေက ကယ်ဆယ်ရေးစခန်းတွေရှိတယ်ဗျ။ လပ္ပတ္တာမှာရှိတယ်၊ ဘိုကလေးမှာဆိုလည်းရှိတယ် အဲဒီစခန်းတွေမှာတော့ မိုးကာတဲတွေနဲ့နေရတယ်၊ တတဲကို ၄၊ ၅ ယောက် နေကြတယ်။ အဲဒီမှာ ထမင်း ချက်တယ်၊ ဆန်ပြုတ်သောက်ရတယ်၊ အဲဒီဘက်တွေမှာတော့ရတယ်။ အရည်အတွက်အားဖြင့် နည်းနည်းလေးပဲရှိတယ်။ ရွာတွေမှာရောက်နေတဲ့လူတွေကတော့ ဘာမှမရကြဘူး။

မေး။ ။ ယူအန် က ပြောတယ်။ လွန်ခဲ့တဲ့အပတ်အထိ လူဦးရေ ၂၅ ရာခိုင်နှုန်းအထိပဲ အကူအညီတွေ ရောက်သေးတယ်ဆိုတော့ အဲဒီတွက်ချက်မှုက ဘယ်လောက်အထိ မှန်ပါသလဲ။

ဖြေ။ ။ မှန်တယ်လို့တော့ပြောလို့ရတယ်။ အဲဒီလို ကယ်ဆယ်ရေးနေရာတွေကို ရောက်တဲ့လူက နည်းနည်းရယ် ကျန်တဲ့ ကျွန်းတွေ၊ ကိုယ့်ရပ်ရွာတွေပေါ့ဗျာ ဘယ်သူမှလည်း လာမခေါ်လို့၊ ဘယ်သူမှလည်း လာမရလို့၊ ကားလမ်းလည်းမပေါက်လို့ ရေလမ်းတခုပဲ အားကိုးအားထားပြုပြီး ကိုယ့်ရွာလေးမှာ အသက်ရှင်ကျန်နေကြတဲ့ လူတွေပေါ့ဗျာ စိတ်မကောင်းစရာအကြောင်းလေးတခု ကျနော်ဖြတ်ပြောပြမယ် အဘွားကြီးတယောက်က သူ့မှာ မိသားစု ၁၁ ယောက် ရှိတယ်၊ ၁၀ ယောက်သေသွားပြီး သူတယောက်တည်းကျန်ခဲ့တယ်။ အဲဒီလို ၁၀ ယောက်သေသွားတယ်ဆိုတာကို သူမသိဘူး၊ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မမှတ်မိတော့ဘူး။ အဲဒီလိုလူတွေ အများကြီးပဲ၊ ကျွန်းတွေပေါ်မှာ အဲဒီလို ကြောင်ပြီးကျန်ခဲ့တဲ့လူတွေ အများကြီးပဲ။ တံငါရွာလေးတွေပေါ့။

မေး။ ။ အဲဒီလို စိတ်ပိုင်းဆိုင်ရာထိခိုက်သွားတဲ့လူတွေ ဘယ်လောက်တွေ့ခဲ့သလဲ။ သူတို့တွေက ဘယ်လိုအခြေအနေမျိုးမှာ ရှိနေကြသလဲ ခင်ဗျ။

ဖြေ။ ။ ၃ မျိုးတွေ့တယ်ဗျ။ တမျိုးက အရမ်းပေါက်ကွဲနေတယ်၊ အထိမခံရွှေပုဂံပေါ့ဗျာ ဘာမှကိုအပြောမခံဘူး၊ ဒေါသတွေကြီးနေတယ်၊ တချိန်လုံး စိတ်တွေတို ရန်လိုနေတဲ့လူတွေကို တွေ့ရတယ်။ ဒုတိယတမျိုးကျတော့ လုံးဝကို ငိုပြီးတော့ သူ့မှာ ကြုံခဲ့ရတဲ့အခက်အခဲကြီးကိုပြန်ပြီးတော့ တချိန်လုံးတွေးပြီး ပြောကာပြောကာနဲ့ ငိုနေတဲ့လူတွေကို တွေ့ရတယ်။ နောက်တခုကတော့ ဘာစကားမှကို မပြောတော့ဘူး၊ လှုပ်လဲမလှုပ်တော့ဘူး။ ကျနော်တို့က ဆန်သွားဝေတယ်ဗျာ တယောက်ကို ဆန် ၄ ပြည်နှုန်းနဲ့ဝေတယ်။ နောက်ပြီးတော့ ပဲဝါ၊ ပဲကတ္တီပါပေးတယ်။ အဲဒါတွေကို အထုပ်တွေနဲ့ စောင်၊ ခြင်ထောင်ပါထည့်ပြီး တယောက်ချင်းစီကိုပေးတယ်။ အဲဒီလိုပေးတာကိုတောင် လာမယူတော့ဘူး။ ဘာကိုမှ စိတ်မ၀င်စားတော့ဘူး ငါတို့ဘ၀ သေတာပဲ ကောင်းပါတယ်ဆိုတာမျိုးတွေရှိတယ်။

မေး။ ။ ကိုဇာဂနာ သွားခဲ့တဲ့နေရာတွေမှာ နိုင်ငံတော်က ဘာတွေလုပ်ပေးနေတာကို တွေ့ခဲ့ပါသလဲ။

ဖြေ။ ။ ဘာမှလုပ်မပေးဘူး။ ရတာက အခုနကျနော်ပြောသလို ဆန်နို့ဆီဗူး ၇ လုံးနဲ့ စေတနာရှင်တယောက်ဝေသွားတဲ့ ခေါက်ဆွဲခြောက်တထုပ်ပဲရတယ်။ အဲဒါ ၂၈ ရက်နေ့ ကျနော်တို့ရောက်သွားတဲ့ အချိန်အထိ

မေး။ ။ အဲဒီဖက်တွေကိုကျတော့ အကူပစ္စည်းကို ဘာနဲ့ပို့ရသလဲ။ လှေတွေနဲ့သွားတာလား။

ဖြေ။ ။ ဟုတ်တယ် လှေနဲ့သွားရတာ။

မေး။ ။ ကိုဇာဂနာတို့လို ပုဂ္ဂလိကအလှူရှင်တွေအနေနဲ့ ဘယ်လောက်အထိ လုပ်ခွင့်ရသလဲ။

ဖြေ။ ။ အစပိုင်းကတော့ ကျနော်တို့က တွန်းလုပ်တာပေါ့ဗျာ နည်းနည်းတော့ အခက်အခဲရှိတယ်။ ထိပ်တိုက်တိုးရတာတွေ ရှိတယ်။ ဥပမာ - ခင်ဗျားတို့က ဘာဖြစ်လို့ ကျနော်တို့ကို (အာဏာပိုင်) မတိုင်ပင်ဘဲ သွားတာလဲ၊ ကျနော်တို့ကိုပြောပါ ဘာညာဆိုပြီး နည်းနည်းညှိနှိင်းပြီးလုပ်ကျတဲ့။ ခင်ဗျားတို့ရဲ့ အသက် အန္တရာယ်ကို တာဝန်မယူဘူးတဲ့ မယူလဲနေ၊ သေချင်သေပလေ့စေ၊ သွားမယ်ပြောပြီး တိုးဝင်သွားရတာတွေ ရှိတယ်။ စေတနာရှင်တွေ ကိုယ်တိုင် သွားလှူလို့ရတယ်အမိန့်ထွက်ပြီးတော့ သိပ်မပြောတော့ဘူး သဘာဝ ဘေးအန္တရာယ်ကာကွယ်ရေးအဖွဲ့က ထုတ်တဲ့အမိန်လေ သွားလာရေး ခက်ခဲ့တဲ့နေရာတွေကိုသွားနိုင်ရင် ပိုမိုကောင်းမွန်ပါတယ်၊ ပုဂ္ဂလိကအလှူရှင်များ မိမိသဘောနဲ့မိမိ ကြိုက်သလိုလှူဒါန်းနိုင်ပါတယ်လို့ အမိန့်မှာပါတယ်။

အဲဒိအမိန့်ထွက်ပြီးမှ တရုတ်တန်းက ကုန်သည်များအဖွဲ့၊ မဂိုလမ်းက ရွှေဆိုင်တွေတွေပါ အကူကိစ္စ လုပ်လာကြတယ်။ သူတို့တွေဝင်လာတော့ ဒုက္ခသည်တွေလည်း ပိုရတာပေါ့။ သူတို့တွေ ချောင်ကျတဲ့ နေရာတွေကို မသွားနိုင်လည်း ကျနော်တို့အဖွဲ့က ယူသွားပေးတယ်။ ဥပမာ - ဘိုကလေးမြို့ ဆိုပါတော့၊ အလှူရှင်တွေက မြို့ပေါ်မှာထားခဲ့ ကျနော်တို့သရုပ်ဆောင်တွေက ရွာတွေဆီယူသွားပေးပေါ့။ ကျနော်တို့ အဖွဲ့မှာ ၀ိုင်းကူလုပ်နေတဲ့လူ ၄၂၀ ရှိတယ်။ ထိရောက်မှုရှိအောင် အဖွဲ့တွေခွဲပြီး လုပ်ကြတယ်။

မေး။ ။ တနေ့က မြန်မာ့အလင်းမှာ လူတွေကို ဖားရှာ၊ ငါးရှာစား နောက်နှစ်ဆို ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ စပါးတွေရွှေရောင်းသန်းပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းနဲ့ စည်ပင်တော့မယ်လို့ ရေးထားတယ်။ အဲဒါ ဖြစ်နိုင်ပါ့မလား ခင်ဗျ။

ဖြေ။ ။ အဲဒီအိပ်မက်ကလေးကောင်းသားပဲလို့ ကျနော်ပြောချင်တယ် ဟဲဟဲဟဲ ဖားရှာ၊ ငါးရှာ ရှာလို့ရမလားတော့ မသိဘူး ဧရာဝတီမြစ်ကြီးနဲ့ ဘိုကလေးမြစ်ဆိုရင် ရေအရောင်ကို နာမည်ပေးထားတယ်၊ နာဂစ်ကာလာလို့။ ဘာလဲဆိုတော့ ဖြူဖြဲဖြဲ အရောင်ကြီး၊ အဲဒီအရောင်ကြီးနဲ့ လူနဲ့ ကျွဲ နွားအလောင်းတွေက အများကြီး နာဂစ်ရနံ့ဆိုတာရှိသေးတယ် အဲဒီညှီနံ့ကြီးက ပြန်လာရင်ပါလာတာပဲ၊ ဘယ်သူမှမခံနိုင်ဘူး အန်တယ်။ ဒီတော့ အဲဒီလိုနေရာတွေမှာ ဘယ်လိုလုပ်ပြီး ငါးရှာ၊ ဖားရှာမှာလဲဗျာ ငါးဖမ်းမယ့်အစား အလောင်းတွေဖဲ့စားမှ ရတော့မယ်။

မေး။ ။ အလောင်းကိစ္စကို မေးချင်သေးတယ်။ အခုထိ အလောင်းတွေကို သင်္ဂြီုဟ်လို့ မပြီးသေးဘူးလား ခင်ဗျ။

ဖြေ။ ။ ကောက်ကို မကောက်နိုင်သေးတာ။ ၂၈ ရက်နေ့ ဘိုကလေးကပြန်လာတယ်။ ရွာ ၅ ရွာကို သွားခဲ့တယ်။ အဲဒီ ၅ ရွာမှာ ဗီဒီယို၊ ဓာတ်ပုံ မရိုက်နိုင်တော့ဘူး အလောင်းတွေများလွန်းလို့။ အနည်းဆုံး အလောင်း ၄၀ လောက် တွေခဲ့တယ်။ အဲဒါတောင် ဟိုးအစွန်ပိုင်းကအလောင်းတွေကို ကောက်ပြီးတော့ မီးရှို့လိုက်တာ တထောင်ကျော် ရှိတယ် စေတနာရှင်တွေက မီးစက်ကြီးတွေ အလုံး ၈၀ လောက်သယ်လာပြီး မီးရှို့ပေးတာ။ ကျနော်သိသလောက် အေဇက်ဂျီတို့ ခရစ်ယန်သာသနာပြုအဖွဲ့တို့ကပေါ့။

မေး။ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်မှာ ကရင်လူမျိုးတွေအများစုနေကြတယ် သူတို့တွေရဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ဘိုကလေးအပိုင်တို့ ဒေးဒရဲအပိုင်တို့မှာ ကရင်ရွာတွေရှိတယ် အများစုက ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်တယ်။ အဲဒီက ကရင်တွေကို သဘောကျတယ်ဗျ။ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ ရွာထဲကနေကူမယ့် လူတွေကို ခေါ်တယ် သူတို့ကို ရန်ကုန်ခေါ်လာပြီး ဆရာဝန်တွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ သူ့တို့က ရွာကိုပြန်ပြီး တည်ဆောက်ရေးကို ဦးဆောင်ကြမှာလေ။

အရေးပေါ်လိုအပ်နေတဲ့ အမိုး၊ အကာနဲ့ အစားအသောက်စတဲ့ အကူပစ္စည်းတွေပေးပြီး ဒုတိယအဆင့်အနေနဲ့ ဒီနေ့ကစပြီးတော့ ကန်စွန်း၊ ဟင်းနုနွယ်၊ ချင်ပေါင် မျိုးစေ့တွေပေးတယ်။ ဘယ်မြေမှာမဆိုစိုက်လို့ရအောင်ထည့်တဲ့ မြေသြဇာပေးတယ်၊ သုံးပုံသုံးနည်းကိုလည်း သင်ပေးတယ်။

မေး။ ။ အခုလိုကာလမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်စလို့ရမယ် ထင်ပါသလား။

ဖြေ။ ။ စပါးကတော့ မရနိုင်သေးဘူး။ ဟင်းသီးဟင်းရွက်၊ ဘူးသီး၊ ခ၀ဲသီးလောက်ကတော့ ရနိုင်တယ်။ ဒီနေ့စလုပ်တယ် ရွာတွေကပါလာတဲ့ ကရင်တွေကို တတ်ကျွမ်းတဲ့လူတွေနဲ့ သင်ပေးတယ်။

မေး။ ။ ကရင်လူမျိုးတွေ တိုင်းရင်သားတွေမို့ အကူအညီမရကြဘူးလို့ ပြောကြတာတွေလည်းရှိတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ ။ တိုင်းရင်သားမှမဟုတ်ပါဘူး ဗမာလည်း မရကြပါဘူး ဘယ်သူမှမရကြတာပါ။ စပါးပြန်စိုက်ဖို့ အချိန်က ၁၅ ရက်ပဲ ရှိတော့တယ်။ အခု ကျနော်တို့က ကုမ္ပဏီကြီးတွေကို မေတ္တာရပ်ခံပြီး လိုက်ညှိနေတာ ထိုင်းက ပညာရှင်တွေနဲ့လဲ ညှိထားတယ်။ ရွှေကျွဲလို့ခေါ်တဲ့ လက်တွန်းလယ်ထွန်စက်ပေါ့ အဲဒီကောင်နဲ့ဆိုရင် နေ့ဝက်ကို တဧကပြီးတယ်။ စက်တလုံးကို ကျပ် ၁၄ သိန်းရှိတယ်။ ကျွန်းညိုကြီးတိုက်နယ်ကို အဓိကနေရာအဖြစ် သတ်မှတ်လိုက်တယ်။ အဲဒီမှာ လူဦးရေ ၅၅၁၄ ဦး ရှိတယ် အဲဒီမှာ အလုပ်လုပ်နိုင်တဲ့ ယောက်ျားဦးရေက ၃၂၀၀ ကျော် ရှိတယ်။ အဲဒီကမြေကြီးတွေကို ထိုင်းက ပညာရှင်တွေနဲ့ပြင်ကြည့်တော့ ရတယ်။ သံဘီးတပ်တဲ့ ရွှေကျွဲ ၁၈ လုံးလောက်ရှိရင် အလုပ်စလုပ်လို့ရပြီ။ အခုအလှူခံထားတာ ၁၀ လုံးရပြီ၊ နောက် ၈ လုံးလိုသေးတယ်။

မေး။ ။ အိမ်နီးချင်းနိုင်ငံတွေက ကျန်းမာရေးအဖွဲ့၊ ကယ်ဆယ်ရေးအဖွဲ့တွေ လာကြတယ်။ သူတို့တွေကော အဲဒီနေရာတွေကို ရောက်ကြရဲ့လား။

ဖြေ။ ။ တခြားနိုင်ငံတွေကတော့မရောက်ဘူး။ ကျနော်တို့နဲ့အတူ ထိုင်းက အမျိုးသမီးတယောက်လိုက်လာပြီး မြေကြီးတွေ လေ့လာတာတော့ရှိတယ်။ မနေ့ကပြန်သွားတယ် စနေနေ့ ပြန်လာမယ်။ သူပြန်လာရင်တော့ သိရမယ် ဒီမြေကြီးကို ၁၅ ရက်အတွင်း စပါးစိုက်လို့ ရ မရကို။

မေး။ ။ မြန်မာနိုင်ငံမြောက်ပိုင်း၊ အထက်ပိုင်းကကော ဘယ်လိုအကူအညီတွေရပါသလဲ ခင်ဗျ။

ဖြေ။ ။ ရောက်လာတယ် အများကြီးပဲ။ ဥပမာ - နမ္မတီး၊ မြစ်ကြီးနား၊ လားရှိုး ဘက်ကဆို ၁၀ ဘီး ကားကြီးတွေနဲ့ လာတာ။ ဆီတွေဆိုရင် ပေပါ ၂၀၀ တို့ အခုနောက်ပိုင်း ဆင်းလာတယ်။ လားရှိုးက ဆင်းလာတဲ့အဖွဲ့ဆိုရင် ခရစ်ယာန် သာသနာပြုအဖွဲ့နဲ့ ပေါင်းပြီး ဆင်းလာတာ ၁၀ ဘီးကား ၁၀ စီးနဲ့။ အခုနပဲ သွားကြိုလာတာ ရှမ်းလူမျိုးတွေ။

မေး။ ။ ရန်ကုန်မြို့အခြေအနေကိုလည်း ပြောပြပါဦး။

ဖြေ။ ။ အဲဒီနေရာတွေကိုလည်း သွားနေရတာပါပဲ။ ဒီနေ့မနက်ဆိုရင် ဒလ၊ ကွမ်းခြံကုန်းနဲ့ ကြည့်မြင်တိုင် တဘက်ကမ်းက ညောင်ဝိုင်းကို ကျနော်တို့အဖွဲ့တွေ သွားကြတယ်။ အဲဒီနေရာတွေက မြစ်ဝကျွန်းပေါ်လောက် ဆိုးဆိုးရွားရွား မဖြစ်ပါဘူး။ ဒါပေမယ့် အိမ်တွေပြိုသွားတယ်၊ အဲဒီလူတွေကိုလည်း လှူရတာပေါ့။ အဲဒီကလူတွေက မြစ်ဝကျွန်းပေါ်လောက်တော့ စိတ်ပိုင်းဆိုင်ရာ မထိခိုက်ဘူး။

မေး။ ။ ပြည်ပကလူတွေကိုရော ကိုဇာဂနာ ဘာပြောချင်သေးလဲ။

ဖြေ။ ။ ကျနော်တို့ မတတ်နိုင်တဲ့အတိုင်းအတာတွေ ရှိပါတယ်။ အပြင်ကလူတွေ လုပ်ပေးလို့ ရနိုင်တာတွေကတော့ ပျက်စီးသွားတဲ့ရွာတွေ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ဖို့အတွက်ပါ။ ဥပမာ - ဆူနာမီ တုံးကဆိုရင် ထိုင်းနိုင်ငံမှာ ပညာရှင်တွေ ချက်ချင်းရောက်လာတယ်။ ပြီးတော့ အိမ်တွေကို ချက်ချင်း ဆောက်ပေးလိုက်နိုင်တယ် အဲဒီလိုမျိုး ကျနော်တို့ မတတ်နိုင်ဘူး၊ အဲဒီလောက်လည်း မချမ်းသာဘူး။ ဘီလ်ဂိတ်လိုလူမျိုးကလည်း လှူတယ်ဆိုပြီးတော့ ဘယ်လိုလူတွေကို ဘာတွေလုပ်ပေးနေသလဲဆိုတာ စဉ်းစားလို့ကို မတတ်ဘူး။

အိမ်တလုံးဆောက်ဖို့ ဘယ်လောက်မှလည်း မကုန်ပါဘူး အဲဒီလိုအိမ်လေးတွေများ နိုင်ငံတကာက ရွာတွေမှာ လာဆောက်ပေးနိုင်မယ်ဆိုရင် … …

ယူအန်ကိုတော့ မကျေနပ်ဘူး။ ကျနော်တို့ပြည်သူတွေအတွက် ဘာမှ ထိထိရောက်ရောက် မလုပ်ပေးနိုင်လို့။ အခု ဘိုကလေးမှာ ကျနော်တို့ရောက်တဲ့ ရွာတွေရှိတယ်ဗျာ၊ ကိုဝေဠုကျော်တို့ရောက်တဲ့ လပ္ပတ္တာကရွာတွေ၊ ကျနော်တို့လူတွေရောက်တဲ့ ငပုတောကရွာတွေ ကျနော်တို့မှာ မြေပုံတွေရှိပါတယ်၊ အဲဒီနေရာတွေကို ယူအန်က တယောက်မှ မရောက်သေးဘူးဗျာ။ ယူအန်ဖြစ်ဖြစ် တခြား အန်ဂျီအိုဖြစ်ဖြစ် သူတို့တွေက အစိုးရ ငြိုငြင်မှာကို ကြောက်နေတယ် အဲဒါကို ကျနော်ကမကြိုက်တာ။ ဒုက္ခသည်ကိုကူညီမှာ ဘာလို့ ငြိုငြင်တာ မခံရဲရတာလဲ။ မသွားရဘူးပြောလည်း သွားပေါ့ဗျာ ဘာဖြစ်လည်း။ ဒါမှမဟုတ် သွားလာနေတဲ့လူတွေကို အကူအညီပေးပေါ့။ ကျနော်တို့လို အလားသဏ္ဍန်တူ သွားနေတဲ့အဖွဲ့ ၄၊ ၅ ဖွဲ့ လောက်ရှိတယ်။ အဲဒါတွေကိုလည်း အကူအညီမပေးဘူး မယက ရုံးထဲကို ပစ္စည်းတွေ သွားပို့နေတော့ ဘာသွားလုပ်မလဲ။

မေး။ ။ လူတွေ တောင်းစားတယ်ဆိုတဲ့ကိစ္စကကော ခင်ဗျ။

ဖြေ။ ။ တကယ်တမ်းပြောရရင် ငတ်တော့လည်း တောင်းစားမိမှာပေါ့ဗျာ ဟုတ်တယ်မလား။ ကုန်းခြံကုန်းလမ်းမှာ အစားအသောက်တွေပေးကြပါနဲ့ တကယ်ငတ်မွတ်နေကြတာကိုး တောင်းမှာပေါ့၊ သိပ်ရုပ်ပျက်ဆင်းပျက်တော့ မဖြစ်ပါဘူး ဘီစကစ်တွေ ကားပေါ်ကပစ်ချလို့ လမ်းဘေးမှာလူးလှိမ့်ပြီး လုနေတာတော့မရှိပါဘူး ကားတိုက်ပြီး သေကုန်မှာပေါ့။

မေး။ ။ အမေရိကန်က ပြောနေတုန်းရှိသေးတယ်၊ တချို့နေရာတွေကို သူတို့ရဲ့ ရေပေါ်၊ မြေပေါ်မှာသွားလို့ရတဲ့ ရှပ်ပြေးမော်တော်လေးတွေနဲ့မှ အလုပ်ဖြစ်မယ်၊ ကူညီချင်ပါတယ်လို့ တဲ့။ အဲဒီအကူအညီက အခုလို တလပြည့်လာတဲ့ကာလမှာ လိုအပ်သေးတယ်လို့ ထင်သလား ခင်ဗျ။

ဖြေ။ ။ ကျနော့်အနေနဲ့ကတော့ လိုအပ်တယ် ဒုက္ခသည်တွေက သူတို့ကို အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်က သင်္ဘောကြီးတွေ သူတို့ကိုလာကူညီနေကြပါပြီဆိုပြီး အရမ်းဝမ်းသာနေကြတာ ကျနော်တို့က ရေဒီယိုလည်း ပေးတယ်လေ ခင်ဗျားတို့ ကမ္ဘာနဲ့ အဆက်မပြတ်အောင် နားထောင်ကြပါလို့ သတင်းတွေနားထောင်ပြီး တအားပျော်ကြတာ၊ အခုလို မလာတော့ဘူးလိုလိုဖြစ်တော့ သူတို့တွေအရမ်းခံစားရတာ။ ကျုပ်တို့ကို မကယ်တော့ဘူးလား၊ ဒီအတိုင်းပစ်ထားတော့မှာလား၊ ဒီကျွန်းပေါ်မှာ သေမယ့်ရက်ကို ထိုင်စောင့်နေရမှာလားလို့ အော်ကြတာ။ တယောက်တည်း၊ နှစ်ယောက်တည်းက ပြောတာမဟုတ်ဘူး။ အဘိုးကြီး၊ အဘွားကြီးတွေ၊ ကလေးတွေပါ ပြောကြတာ။

ဧရာဝတီ အင်တာနက် သတင်းစာမျက်မှ ဖော်ပြချက်အား ပြန်လည်ကူးထားခြင်းဖြစ်ပါသည်။

Design by infinityskins.blogspot.com 2007-2008